ကညွတ်မှာ အစိမ်းနှင့် အဖြူဆိုပြီး (၂)မျိုးရှိပေမယ့် အစိမ်းက ပိုပြီးဆေးဖက်ဝင်ပါတယ်။ကညွတ်ဟာ လူတိုင်းစားသုံးသင့်တဲ့ အစားအစာတစ်မျိုးပါ။ကညွတ်ကို သဘာဝဆီးရွှင်ဆေးအဖြစ် စားသုံးကြပြီး သည်းခြေရောဂါများအတွက် အမြစ်ရည်ကို ပျားရည်၊နွားနို့တွေနဲ့ ရောသောက်ရင်လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ မိုးဦးကျရာသီတွေမှာ ပေါပေါများများတွေ့ရတတ်သော ကညွတ်တွေကို ဘာကြောင့် လူတိုင်း စားသုံးသင့်တာလဲဆိုရင်-
ပရိုတင်း ၊ အမျှင်ဓာတ် များနှင့် ကညွတ်
ကညွတ်တွင် ဗီတာမင် A ၊ C ၊E ၊ K ၊ B6 ၊သံဓာတ်၊ကော့ပါး၊ ကယ်လ်ဆီယမ် ၊ပရိုတင်း နဲ့ အမျှင်ဓာတ်တို့လည်း အချိုးကျ ပါဝင်ပါတယ်။ကညွတ်မှာ ပါဝင်တဲ့ ဓာတ်ပေါင်းစုတွေကြောင့် ပန်းနာရင်ကြပ်ကို သက်သာစေခြင်း၊ ပရိုတင်းအားဖြည့်ဓာတ် တစ်မျိုးပါဝင်တာကြောင့် အရိုးပွခြင်းနှင့် အရိုးအဆစ်ရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးခြင်း၊ဗီတာမင် C ကအရွယ်တင်နုပျိုစေခြင်း၊ ဖောလစ်နှင့် ဗီတာမင် A တို့က နှလုံးကိုကျန်းမာစေပြီး လေဖြတ်၊လေဖြန်းခြင်း မဖြစ်အောင် ကာကွယ်ပေးခြင်အပြင် မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပြီး အတွင်းတိမ်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
ကိုလက်စထရော နှင့် အဆီဓာတ် မပါဝင်သော ကညွတ်
ကညွတ်ဟာ စွတ်စိုသောဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ ပိုပြီး ပေါက်ရောက်နိုင်ပါတယ်။ ကညွတ်မှာ ဘေးဖြစ်စေသော ကိုလက်စထရောနဲ့ အဆီဓာတ် မပါဝင်သောကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာ ဖြစ်ပါတယ်။ဒါ့ကြောင့် ကညွတ်ဟာ အဆီလျှော့ပြီး အလေးချိန်ထိန်းနေသူတွေ စားသောက်ဖို့ အထူးသင့်တော်ပါတယ်။
အူ ကိုသန့်စင်စေသော ကညွတ်
ကစီဓာတ်တစ်မျိုးပါဝင်တဲ့ ကညွတ်ဟာ အူကို သန့်စင်စေပြီး အူနဲ့ ပတ်သတ်တဲ့ ကင်ဆာတွေ မဖြစ်အောင် တာဝန်ယူပါတယ်။ကညွတ်ကို ကလေးယူချင်တဲ့ အမျိုးသမီးတွေ စားပေးသင့်ပြီး အမျိုးသားများအတွက်
လည်း သက်လုံကောင်းစေပါတယ်။ ကညွတ်ထဲတွင် ပါသော ဓာတ်တစ်မျိုးဟာ အရွယ်တင်နုပျိုစေပြီး သွေးပေါင်ကိုလည်း ထိန်းညှိပေးပါတယ်။
ဆီးချိုရောဂါ နှင့် ကညွတ်
ကညွတ်ဟာ ဆီးချိုသမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပါပဲ။ သွေးတွင်း သကြားဓာတ်ကို စုပ်ယူနိုင်ပြီး အယ်ဆူလင် ထုတ်လွှင့်မှုကို တိုးပွားစေတဲ့အတွက် ဆီးချိုသမားတွေ စားသင့်တဲ့ အစားအစာတစ်မျိုးပါ။
ဆီးချိုသမားတွေအတွက်ကတော့ နောက်ဆုံးလက်နက်လို့တောင်
တင်စားကြပါတယ်။ဒါ့အပြင် ကညွတ်ဟာ အသည်းထဲက အဆိပ်တွေကို ထုတ်ပေးနိုင်စွမ်းရှိတာကြောင့် အရက်ကိုကြာရှည်သောက်သုံးသူတွေဟာ ကညွတ်ကိုပုံမှန် စားပေးသင့်ပါတယ်။ အရက်အလွန်အကျွံသောက်လို့ မအီမသာ ဖြစ်မှုကိုလည်း သက်သာစေနိုင်ကြောင်းသုတေသီတွေက ဆိုထားကြပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် ကညွတ်
ကညွတ်ဟာ ဖောလစ်အက်စစ် ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်သည်တွေ စားသုံးပေးသင့်ပါတယ်။ကညွတ်မှာ ဖောလစ်အက်စစ် 22ရာခိုင်နှုန်းထိ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ မွေးဖွားတဲ့အခါ ဖြစ်တတ်တဲ့ အခက်အခဲတွေမှ ကင်းဝေးစေပါတယ်။
Credit >> Original Source