ပါးချိုင့်လေးကြောင့် ဒီကောင်မလေးက ရီရင်ပိုလှတယ်ဆိုပြီးမှ ၊သွားတွေမလှရင်တော့ အလကားပဲနော်။
(Crush နဲ့ သွား Date ရင်လဲ Maskလေးအုပ်ပြီး ခိုးရီပေါ့။ခစ်ခစ်..ခစ်…. )။စတာပါ နောက်ပြီးတော့ သွားပေါ်အောင်ရီမှပဲ သူ့သွားတွေ ညစ်ပတ်နေတာပဲဆ်ိုပြီး သူငယ်ချင်းတွေက ကွယ်ရာမှာ လှောင်နေကြဦးမယ်။ ကဲကဲ ဒီနေ့ပြောပြပေးမှာကတော့ သွားကျန်းမားရေးအတွက် အရမ်း အသုံးဝင်တဲ့ နည်းလမ်း 5မျိုးကို ပြောပြပေးသွားမှာဖြစ်လို့ ကိုယ့်သွားတွေ မလှမပဖြစ်နေရင် အောက်က Tipsလေးတွေကြည့်ပြီး ပြောင်းလဲလိုက်တော့နော်။
No-1 | အိပ်ခါနီး မုန့်စားခြင်းကို စွန့်လွှတ်ပါ။
လူတယောက်ရဲ့ အိပ်ချိန်က တစ်ညကို 7နာရီ၊၈နာရီ နီးပါးလောက်ရှိတဲ့အတွက် သင်က ညဘက်အိပ်ခါနီး အမှတ်တမဲ့ အားလူးကြော်တို့ ၊ကွတ်ကီးတို့၊တစ်ခုခုကို စားလိုက်မိရင် စားကြွင်းစားကျန်တွေက သွားနဲ့အတူ အိပ်နေတဲ့အချိန်မှာ ကျန်ရှိနေတတ်ပါတယ်။ တခါတလေ ခံတွင်းနံ့ အရမ်းဆိုးနေတာကလည်း အဲ့ဒါတွေကြောင့်ပဲဆိုတော့ အိပ်ခါနီးတိုင်း စားခဲ့သည်ဖြစ်စေ မစားခဲ့သည်ဖြစ်စေ၊ ရေနဲ့ ညတိုင်းပလုတ်ကျင်းပြီးမှ အိပ်ပါ။
No-2 | Flourideပါတဲ့ သွားတိုက်ဆေးကိုသုံးပါ။
ဒါကတော့ TVကြော်ငြာတွေမှာတွေ့ဖူးနေကြပါ။Flourideပါလို့ ဘာပိုကောင်းတယ်၊ဘာအတွက်အထူးပြုတယ် အစသဖြင့်ပေါ့ဗျာ၊TVကြော်ငြာတွေက ပြောတဲ့အတိုင်းပါပဲ သင်က နေ့တိုင်း တစ်ရက်ကို Flourideပါတဲ့ သွားတိုက်ဆေးနဲ့ အနည်းဆုံး ၂ကြိမ်လောက်တော့ တိုက်ပေးသင့်ပါတယ်။ဒါမှလဲသွားလေးတွေက ပိုဖြူလာမှာပါ။
No-3 | ကွမ်းနဲ့ဆေးလိပ်ကိုဖြတ်ပါ။
ကွမ်းစားခြင်းတွေ၊ဆေးလိပ်သောက်သုံးခြင်းတွေမပြတ်သေးသရွေ့ကတော့ လှပဖြူဝင်းတဲ့သွားလေးက်ို ပိုင်ဆိုင်ဖို့က ခက်ပါလိမ့်မယ်။
ကွမ်းပဲဖြစ်ဖြစ်၊ဆေးလိပ်ပဲဖြစ်ဖြစ် ၂ခုစလုံးက သင့်သွားကျန်းမာရေးအတွက် ဘာမှ အထောက်အကူမဖြစ်လို့ ဖြစ်နိုင်ရင် ဖြတ်လိုက်ပါ။(မဖြတ်နိုင်သေးရင်တော့ နောင်တစ်ချိန်မှာ သွားကင်ဆာတို့၊လည်ချောင်းကင်ဆာ စတဲ့ ကင်ဆာ တစ်မျိုးမျိုးနဲ့ နှစ်ပါးသွားရပါမယ်)
No-4 | သွားဆရာဝန်နဲ့အမြဲ စစ်ဆေးပေးပါ။
မြန်မာနိုင်ငံမှာတော့ ဒီအလေ့အထက သိပ်မရှိပါဘူး။ဒါပေမယ့် အနောက်နိုင်ငံတွေမှာက ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ သဘောတရားကို လက်ခံပြီး ကျင့်သုံးကြပါတယ်။၂လ တစ်ခါ (သ်ို့) ၃လ တစ်ခါလောက် ပုံမှန်လေး check upလုပ်ပေးသွားရင်
ကိုယ်စားချင်တာတွေရှိရင် သွားကိုက်နေလို့ ၊သွားနာနေလို့ စတဲ့ Reasonတွေတော့ နည်းသွားမယ်ပေါ့ဗျာ။
No-5 | ချိုလွန်းတဲ့ အစာများကို လျော့စားပါ။
ဘာလို့လဲ ကိုယ်က အချိုပဲကြိုက်တာလေ အချိုပဲစားချင်တာပေါ့။ဟုတ်ပါတယ် စားပါ။ဒါပေမယ့်လျော့တော့ စားပေးပါဗျ။မဟုတ်ရင် သွားပိုးပေါက်တွေနဲ့ အသက်ကြီးမှ သွားဆေးခန်းကို ခနခန သွားနုတ်နေရရင် သွားအတုဖိုးပါ ထပ်ကုန်နိုင်လို့ပါ။
Concorida Int.Co.Ltdအနေနဲ့ ချစ်ရပါသော Customersများနှင့် မိတ်ဆွေများအား Covid ကာလမှာ အနာရောဂါ ကင်းကင်းနဲ့ ကျန်းမာနေကြပါကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။