ဒီတခါက ကြောင်ချစ်တဲ့ Humanတွေအတွက် အိမ်မှာမွေးထားတဲ့ကြောင်လေးတွေပဲ ဖြစ်ဖြစ်၊လမ်းသွားရင်း တွေ့မိတဲ့ ကြောင်လေးတွေပဲဖြစ်ဖြစ် နောက်ဆိုရင် သတိထားပြီး ကြည့်ဖို့လိုလာပါပြီ။တစ်ခါတစ်လေ ကြောင်လေးတွေကလဲ ကိုယ့်ရဲ့ ကံဆိုးခြင်း၊ကံကောင်းခြင်းတွေကိုကြိုတင်ပြီး အချိန်မှီ သတိပေးတတ်ကြတယ်လို့ Psychologyတွေက အဆိုပြုထားတာတွေရှိပါတယ်။ (ဒါပေမယ့် အတိတ်နိမိတ် ဆိုတဲ့အတွက် အောက်က အချက်တွေက တိုင်ဆိုင်မှု တစ်ခုသာသာပဲဖြစ်ပါတယ်။)

No.1 ကြောင်အနက် ၃ကောင်အား ဆက်တိုက်တွေ့မြင်ရပါက အကြီးအကျယ်ကံကောင်းတော့မယ့် နိမိတ်ဖြစ်ပါတယ်။အဲ့လိုပါပဲ ကြောင်နက်လေးတွေ အိမ်တွင်းသို့ ဝင်လာပါက ကံကောင်းတော့မယ့် နိမိတ်ပဲဖြစ်ပါတယ်။

No.2 သင့်အနေနဲ့ ကြောင်မကြီး ကလေးမွေးတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသော် စီးပွားတ်ုးတက်မည့် အရိပ်အယောင်ပင်ဖြစ်သည်။

No.3 ကြောင်ထီးနှင့်ကြောင်မ မိတ်လိုက်နေသည်ကို မြင်တွေ့ရသော် အချစ်ရေးကိစ္စများ အဆင်ပြေလာမည်ဖြစ်သည်။

No.4 မိမိမွေးထားသောကြောင် (သို့)တခြားတစ်အိမ်က ကြောင်သည် မိမိနေအိမ်တွင် ကြောင်ကလေးတစ်ကောင်တည်း လာရောက်မွေးသော် အလုပ်အကိုင်များ အောင်မြင်ကျော်ကြားတတ်၏။

No.5 နောက်ဆုံးအနေနဲ့ သင် ခရီးသွားနေတဲ့ အချိန်မှာ ကြောင်သေ တစ်ကောင်ကို မြင်တွေ့ခဲ့လျှင် သင့်အနေနဲ့ ငွေကြေးများ ရတတ်တယ်လို့ ကြောင် နဲ့ ပက်သက်ပြီးရှေးပညာရှိတွေရဲ့ မှတ်တမ်း အတိတ်နိမိတ်တွေကို လေ့လာတွေ့ရှိရပါတယ်။