လူသားတိုင်းတော့ ခွေးချစ်တတ်ပေမယ့်၊ လူတိုင်းကတော့ ခွေးမွေးဖို့ မဖြစ်နိုင်ကြပါဘူး။ဘာလို့လဲဆိုရင် ခွေးမွေးရတာက ကလေးတစ်ယောက်မွေးသလိုပါပဲ လွယ်ကူရိုးရှင်းတဲ့ အလုပ်တစ်ခုမဟုတ်တာကို ခွေးလေးတွေ မွေးဖူးသူတိုင်းသိကြမှာပါ။ခွေးမွေးတဲ့သူတိုင်းက သူတို့မွေးထားတဲ့ခွေးလေးတွေကို (သားရေ၊သားသားရေ၊ သမီးရေ)အစဖြင့် Nick Nameလေးတွေပေးပြီး ခေါ်ဝေါ်ကြသလို ခွေးမမွေးတဲ့သူတွေထက်လဲ အလုပ်ပိုရှုပ်ကြပါတယ်။ဥပမာ -ခွေးနှင့်လဲ လမ်းလျောက်ထွက်ခြင်း၊ခွေးအမွှေးများ ခနခရှင်းရခြင်း၊အိပ်ယာခင်း ခနခန လဲရခြင်းတွေအပြင် တစ်ခါတလေ မထင်ရင မထင်သလို ကုတ်ခံရတာလေးတွေပါ ရှိပါသေးတယ်။ဒါ့အပြင် သင်တစ်ခုခုစားတိုင်း သူတို့ကို ကျွေးမှ ကျေနပ်တဲ့ ခွေးအမျိုးအစားလေးတွေလဲရှိလို့ လူကြီးမင်းတို့အနေနဲ့ အစားပုပ်တယ်ဆိုရင် ခွေးလေးတွေမွေးဖို့ မသင့်တော်သေးပါဘူး။တော်တော်များများကတော့ ခွေးတွေကို အိမ်စောင့်ဖို့၊ခြံတွင်း လုံခြုံစေဖို့၊ မူးယစ်ဆေးဝါးများရှာဖွေခြင်း၊စစ်တိုက်ရာတွင်စစ်သားတွေအတွက်အထောက်အကူပြုပေးဖို့ဆိုပြီး အမျိုးမျိုးမွေးလေ့ရှိကြပါတယ်။ဒီလိုနေရာတွေမှာ သုံးတဲ့ ခွေးတွေကြတော့ ပုံမှန် အိမ်မွေးခွေးသေးသေးလေးထက် ကျန်းမာသန်စွမ်းမှုရော၊အနံ့ခံအားရော ပိုမိုကောင်းမွန်တဲ့အတွက် သွားရန်စမိတာနဲ့ ပေါင်တစ်ခြမ်းလုံးစုတ်ပြတ်သွားအောင် ကိုက်နိုင်တဲ့ အစွမ်းတွေလဲရှိကြပါတယ်။နောက်ပြီး ခွေးနဲ့ ပက်သက်ရင် အရူးအမူးချစ်ကြတဲ့ သင်မသိသေးတဲ့နိုင်ငံတာကာက Celebrity 5 ဦး ကိုလဲ အောက်မှာဖော်ပြပေးထားပါတယ်။

Kyile Jenner
အနုပညာလဲလုပ်ရင်း စီးပွားရေးလဲ သောင်းကျန်းပြီး Kylie ကိုယ်ပိုင် Brandနဲ့ အမျိုးသမီး Cosmeticsတွေရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Kyile Jennerကတော့ ခွေးလေးတွေကို တော်တော် ရူးရူးမူမူး ချစ်တတ်သူ တစ်ဦးပါပဲ။တစ်ခါတစ်လေ သူ့ရည်းစားကတောင် ခွေး၄ကောင်လုံးရဲ့ နာမည်တွေကို မမှတ်မိပေမယ့် Kyileကတော့ Instagramမှာပါသူ့ခွေးလေးတွေအတွက် ကိုယ်ပိုင် Accountတွေပါ ဖွင့်ထားပေးတယ်လို့ သိရှိရပါတယ်။

The Obama Family
ယခုလက်ရှိ သမ္မတ Trumpမတိုင်ခင် လူသိများခဲ့တဲ့ သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ Barack Obamaကလဲ ခွေးချစ်သူတစ်ဦးဖြစ်ပြီး Obammaအပြင် သူ့ရဲ့ မိသားစုတစ်ခုလုံးကလဲ ခွေးလေးတွေကိုချစ်ကြပါတယ်။သူ သမ္မတဖြစ်စဥ်က ပထမဆုံးမွေးခဲ့တဲ့ Bo နဲ့ Sunnyဆိုရင် အိမ်ဖြူတော်မှာ ပုံတွေအမြဲရိုက်နှိပ်ထားခဲ့တဲ့ အချိန်တွေတောင် ရှိခဲ့ဖူးပါတယ်။

Chris Evans
Captain America လို့ လူသိများတဲ့ Chris Evansဟာ ကမ္ဘာကြီး ကို ကယ်တင်တဲ့ Marvel Movieတွေ ရိုက်ပြီးရင် Chris Evansဆိုတဲ့ ဘဝထဲကို ပြန်သွားပြီး သူမွေးထားတဲ့ ခွေးလေး Dogerနဲ့ အချ်န်ကုန်ဆုံးလေ့ရှိပါတယ်။Dogerကလဲ Captionအပေါ် အရမ်းချစ်ပြီး သစ္စာ ရှိတဲ့ ခွေးလေးတစ်ကောင်ပါပဲ။

Arina Grade
မိန်းခလေးတွေအများစုက ခွေးလေးတွေကို ပိုချစ်ကြသလို Florida မှာ နာမည်ကြီးတဲ့ အဆိုတော်/သရုပ်ဆောင် Arina Gradeက ခွေးလေးတွေကို ကယ်ဆယ်တဲ့ လူမှူ အဖွဲ့အစည်းတွေမှာ အရမ်းကို တက်ကြွပါဝင်တဲ့သူတစ်ယောက်ပါ။အဲ့လိုပဲ2017လောက်တည်းကနေစပြီး သူကယ်တင်ထားတဲ့ ခွေးလေးတွေထဲက အခုဆိုရင် ၉ကောင်လောက်အထိ မွေးထားတယ်လို့ သိရှိရပါတယ်။

Tom Holland
အသက်၂၁ပဲဲရှိသေးတဲ့ Spider Manလို့ လူတိုင်းသိတဲ့ Tom Hollandကလဲ Tessဆိုတဲ့ ခွေးမလေးကို မွေးထားသူပါ။တစ်ခါတစ်လေဆိုရင် Tessကို Spider Man ဝတ်စုံတွေဝတ်ပေးပြီး လမ်းလျောက်ထွက်လေ့ရှိပါတယ်။