ဒီဆေးလိပ်တွေ သောက်မိနေတုန်းလား ?
စိတ်တွေမွန်းကျပ်လို့ပဲသောက်သောက်၊ Depressionတွေ ဝင်နေလို့ပဲသောက်သောက်၊ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ထဲမှာ မင်းကိုလွမ်းတဲ့စိတ်တွေ ပါသွားရင်ကောင်းမယ်ဆိုပြီးပဲ သောက်သောက်၊ဘာအတွက်ကြောင့်ပဲ သောက်သောက်ပါ။ ဆေးလိပ်က သင့်အတွက် ပိုက်ဆံကုန်တဲ့ အရာကြီးတစ်ခုဆိုတာကိုတော့ သင် ဘယ်တော့မှ မမေ့လိုက်ပါနဲ့။
⚠️သင့်အနေနဲ့ ဆေးလိပ်ကို နေ့တိုင်းသောက်တဲ့အကျင့်က ၁နှစ်နဲ့ ၂နှစ်ကြားထဲကိုရောက်နေရင် သင်ဟာ ဆေးလိပ်ကို စွဲလန်းနေပြီလို့ ယူဆလို့ရနေပါပြီ။
-အထူးသဖြင့် အချိန်ကြာလာတာနဲ့ ရူပါ မထိဘူး မထင်ပါနဲ့ ၊အသက်တွေက ကြီးလာမှာမို့လို့၊၃၀ကျော်မှာ နုဖက်နေစေချင်ရင် အခု ဆယ်ကျော်သက်ထဲက ဆေးလိပ်ဖြတ်ထားပါ။
-2019နောက်ပိုင်းက စပြီး မိန်းခလေးအများစုလဲ ဆေးလိပ် သောက်တတ်လာကြပါပြီ။Skincareတွေလုပ်ပြီး သိသိသာသာကြီး အသားကမglowဘူးတို့ ၊သူ့လ်ို အသားဖြူဆေးတွေ ငါလဲ သောက်တယ်ပဲ ငါ့ကျသိပ်မဖြူဘူးတို့က ညီမလေးတို့ မထင်ထားတဲ့ ဒီဆေးလိပ်ကလုပ်နေတာပါ။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက်ခြင်းက အသားအရည်ကို အရမ်းထိခိုက်တယ်။ချက်ခြင်းမထိရင်တောင် အချိန်ကြာရင်ပိုထိပါတယ်။ဒါကြောင့် ကိုယ်က အလှအပကြိုက်တဲ့မိန်းခလေးဆိုရင် အခုတည်းက ဖြတ်ထားသင့်ပါတယ်။(ဘဲ 😂မဟုတ်ပါဘူး ဆေးလိပ်ပါ)
-အကြောင်းရှိရင် အကျိုးဖြစ်တယ်ဆိုသလိုပဲဗျာ….
ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊အသားအရည်မွဲခြောက်ခြောက်ဖြစ်တာ၊အရင်လောက်မှတ်ဉာဏ်မကောင်းတော့တာ၊လက်ည်ိုးထိပ်မှာ ဆေးလိပ်နံစွဲနေတာ၊စိတ်ညစ်တာနဲ့ ဆေးလိပ်မရှိရင်မနေတတ်တော့တာ၊ကော်ဖီသောက်တိုင်း ဆေးလိပ်နဲ့ပဲသောက်နေတာ၊နောက်ဆုံးလမ်းသွားရင်း၊Bus Carစောင့်ရင်းပါ ဆေးလိပ်သောက်ရင်းစောင့်နေမိတာ စတဲ့ ကိုယ့်ရဲ့အကျင့်ဆ်ိုးတွေကနေ ဆေးလိပ်ကို တဖြည်းဖြည်း ချစ်မိလာတတ်ပါတယ်။သင်ရော ချစ်မိနေပြီလား 😑???
ဆေးလိပ်က်ိုချစ်မိရင် ဘာဖြစ်လဲ ဆ်ိုတော့ မြန်မြန်သေပါတယ်။ဒါကြောင့် ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တဲ့ လူ့ဘဝကြီးမှာ ကိုယ့်အတွက် အချိန်ကုန်၊ငွေကုန်၊ရူပါပိုင်းဆိုင်ရာတွေ၊အဆုတ်နဲ့ပက်သက်တဲ့ ကင်ဆာပေါင်းများစွာပါဖြစ်နိုင်တဲ့ ဆေးလိပ်ကို အမြန်ဆုံး ဖြတ်ဖို့ တိုက်တွန်းလိုပါတယ်။မဖြတ်နိုင်သေးရင်တောင် လျော့သောက်ဖို့အကြံပေးပါတယ်။ပြီးတော့
ဆေးလိပ်ကို ကိုယ်ကပဲသောက်ပါ၊ဆေးလိပ်က ကိုယ့်ကိုသောက်နေတာမျိုး ဘယ်တော့မှ အဖြစ်မခံပါနဲ့။✔️
ဒီအောက်မှာ တွက်ပြထားတာကတော့ Example အနေနဲ့ တစ်နေ့ကို ဆေးလိပ် ၅လိပ်အနည်းဆုံးသောက်တတ်တဲ့ သူတွေရဲ့(ကိုယ်ကြိုးစားပမ်းစားရှာခဲ့ရတဲ့)ပြန်မရတော့တဲ့နှမြောစရာ ပိုက်ဆံအရေအတွက်ပါ။
#(let it be ,1 Cigarette for 100 Kyat )🚭
( 1 Day – 500 mmk )
(1 Week -3,500 mmk )
(1 Month – 15,000 mmk )
(6 Months – 90,000 mmk )
(1 Year – 180,000 mmk )
(2 Years – 360,000 mmk )
(3 Years – 540,000 mmk) 🙂
ဒါက 1နေ့ကို5လိပ်ပဲ သောက်တတ်တဲ့သူရဲ့ 2နှစ်အတွင်း နှမြောစရာ ပိုက်ဆံတွေပါ။သင့်အနေနဲ့ရော သင်ဟာ ဆေးလိပ် စသောက်တတ်တဲ့နေ့က စပြီးဒီနေ့အချိန်ထိ သေချာပြန်တွက်ကြည့်ပါ။သင် ပိုက်ဆံတွေကို သင့်ကျန်းမာရေးရဲ့ မကောင်းတဲ့ဘက်မှာ လောက်တောင် အသုံးပြုခဲ့ပြီးပြီလဲ၊ဆိုတာ ကုန်သွားတဲ့ ပိုက်ဆံတွေက သက်သေပါပဲနော်။
✅(ဒါကြောင့် ဒီနေ့ပဲ ဆေးလိပ်လျော့သောက်လိုက်ပါ )