“အာဇာနည်နေ့ တို့မမေ့” ဆိုသလိုပါပဲ19 Julyရောက်တိုင်း၊ရောက်တိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရဲ့ ရင်ထဲမှာ စွဲကျန်နေသလို… Concordia Int.,Co,Ltdအနေနဲ့လဲ ဒီနေ့ ကျရောက်တဲ့ (၇၃နှစ်မြောက်)
အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားခဲ့ကြသော💔 အာဇာနည်သူရဲကောင်းအားလုံးကို အလေးမြတ်ထား ဂုဏ်ပြုဦးညွှတ်ပါတယ်ခင်ဗျာ။
___________________
လူတိုင်း သိသင့်သိထိုက်တဲ့ အာဇာနည် ၉ ဦးအကြောင်း
၁။ဒီးဒုတ် ဦးဘချို (ကျောင်းဆရာ)
၂၃.၄.၁၈၉၃ ဖွား မြောင်းမြဇာတိ ဆရာကြီးဒီးဒုတ်ဦးဘချို ဟာကျဆုံးချိန်မှာ အသက် ၅၄ နှစ်ရှိပြီးကျည် ၅ ချက်သင့် ကာကျဆုံး ခဲ့ပါတယ်။ ကျဆုံးချိန်မှာရာထူးတာဝန်မှာဝန်ကြီး ဖြစ်ကာ သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဋ္ဌာနအကြီးအမှူး ဖြစ်ပါတယ်။
၂။ သခင်မြ (ကျောင်းဆရာ)
၇.၁၀.၁၈၉၇ ဖွား ထုံးဖိုဇာတိ ဆရာကြီးသခင်မြဟာကျဆုံး ချိန်မှာအသက် ၅၀နှစ်ဖြစ်ပြီးကျည် ၂ ချက်သင့်ကာကျဆုံးခဲ့ ပါတယ်။ကျဆုံးချိန်မှာထမ်းရွက်ခဲ့တဲ့ရာထူးတာဝန် ဝန်ကြီး ဖြစ်ကာ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဋ္ဌာနကိုကြီးမှူးပါ တယ်။
၃။ဦးရာဇတ်(ကျောင်းဆရာ)
၂၀.၁.၁၈၉၈ ဖွား မိတ္ထီလာဇာတိဆရာကြီးဦးရာဇတ်မှာကျဆုံး ချိန်ကအသက် ၄၉ နှစ်ရှိကာ ကျည် ၆ ချက်သင့် ကျဆုံးခဲ့ပါ တယ်။ကျဆုံးချိန်ထိထမ်းရွက်ခဲ့တဲ့ရာထူးတာဝန်မှာဝန်ကြီးဖြစ် ကာ ပညာရေးနှင့်အမျိုးသားစီမံကိန်းဝန်ကြီးဋ္ဌာနကိုတာဝန် ယူခဲ့ပါတယ်။
၄။ ဦးဘ၀င်း(ကျောင်းဆရာ)
၁၁.၆.၁၉၀၁ ဖွား နတ်မှောက်ဇာတိဦးဘ၀င်းဟာဗိုလ်ချုပ် အောင်ဆန်းရဲ့အစ်ကိုအကြီးဆုံးဖြစ်ကာကျဆုံးချိန်မှာအသက် ၄၆နှစ်ဖြစ်ပြီး ကျည် ၈ ချက်သင့်ကျဆုံးခဲ့ပါသည်။ကျဆုံးချိန်ထမ်းရွက်ခဲ့တဲ့ရာထူးတာဝန်မှာဝန်ကြီး
ဖြစ်ပါတယ်။ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကြီးမှူးခဲ့ပါတယ်။
၅။မန်းဘခိုင်
၂၆.၁၀.၁၉၀၃ မွေးဖွား ဟင်္သာတ ယုန်သလင်းဇာတိသား
မန်းဘခိုင်မှာကျဆုံးချိန်က အသက်၄၄ နှစ်ရှိပြီးကျည်၁၅ ချက်သင့်ကာကျဆုံးခဲ့ပါတယ်။ကျဆုံးချိန်ရာထူးတာဝန်မှာ စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဋ္ဌာနဝန်ကြီးဖြစ်ပါတယ်။
၆။စဝ်စံထွန်း
၃၁.၅.၁၉၀၇ မွေးဖား မိုင်းပွန်ဇာတိသား စဝ်စံထွန်းမှာ စော်ဘွား တစ်ဦးဖြစ်ပြီး ကျဆုံးချိန်မှာ အသက် ၄၀ နှစ်ရှိသူဖြစ်ပါတယ်။ ကျည်၂ချက်သင့် ကျဆုံးခဲ့ပြီး ကျဆုံးချိန်မှာရာထူးတာဝန်အဖြစ် တောင်တန်းဒေသဆိုင်ရာဝန်ကြီးဋ္ဌာနဝန်ကြီးတာဝန်ကိုရွက် ဆောင်ခဲ့ပါတယ်။
၇။ဦးအုံးမောငျ
၂.၂.၁၉၁၃ မွေးဖွား မင်းဘူးဇာတိသား ဦးအုံးမောင်မှာ ကျဆုံးချိန်ကအသင်၃၄ နှစ်သာရှိပြီးကျည် ၅ ချက်သင့် ကျဆုံးချိန်ရာထူးတာဝန်မှာ အတွင်းဝန်ဖြစ်ပါတယ်။
၈။ဗိုလ်ချုပ်အောင်ဆန်း
၁၃.၂.၁၉၁၅ ဖွား နတ်မှောက်ဇာတိသားဗိုလ်ချုပ်အောင်ဆန်း မှာအမျိုးသားခေါင်းဆောင်ကြီးဖြစ်ပေမဲ့ကျဆုံးချိန်မှာ အသက် ၃၂ နှစ် ၅ လ နှင့် ၆ ရက်သာရှိသေးပြီး ကျည် ၁၃ ချက်သင့် ကာ ကျဆုံးခဲ့ပါတယ်။ကျဆုံးချိန်ကရာထူးတာဝန်မှာနိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်ပါတယ်။
၉။ရဲဘော်ကိုထွေး
မန္တလေးဇာတိသား ရဲဘော်ကိုထွေးမှာကျဆုံးချိန်ကအသက် ၁၈ နှစ်သာရှိသေးပြီး ကျည် ၄ ချက်သင့် ကျဆုံးခဲ့ပါတယ်။ ကျဆုံးချိန်ရာထူးတာဝန် မှာ သက်တော်စောင့် တာဝန်အဖြစ် ဦးရာဇာတ်ရဲ့ သက်တော်စောင့််တာဝန်ထမ်းရွက်ခဲ့ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ နံနက်( ၁၀နာရီ ..၃၇မိနစ် )ချိန်ဖြစ်သည်။
အာဇာနည်ပုဂ္ဂိုလ်ကြီးများဇာတိနဲ့ ကျည်သင့်ခဲ့တဲ့ အချက် အရေအတွက် ကျဆုံးချိန်ကထမ်းဆောင်ခဲ့သည့် ရာထူး တာဝန် စတာတွေစုစည်းလို့ အခုလိုဖေါ်ပြခဲ့မှုမှာကျဆုံးချိန် ကာလအသက်အရွယ်ကြီးစဉ်ငယ်လိုက် စီပြီးဖေါ်ပြခဲ့မှုဖြစ်ပါတယ်။
နိုင်ငံတော်အကျိုး လူမျိုးအကျိုးကိုအံ့မခမ်းသယ်ပိုးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲစွမ်းသတ္တိကိုဒီကနေ့ခေတ်ကာလ လူငယ်များကလည်း အထူးတလည်သတိပြုအားကျအတုယူဖွယ်ခံစားမိကြစေ လိုတာ ဆန္ဒအမှန်ပါပဲခင်ဗျာ…
အာဇာနည်(၉)ဦး၏ အမည်နှင့် ထိမှန်ခဲ့သော ကျည်အရေအတွက်မှာ….
၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ – ၁၉၄၇) ၁၃ ချက်
၂။ သခင်မြ (၁၈၉၇ – ၁၉၄၇) ၂ ချက်
၃။ ဒီးဒုတ်ဦးဘချို (၁၈၉၃ – ၁၉၄၇) ၅ ချက်
၄။ ဦးရာဇတ် (၁၈၉၈ – ၁၉၄၇) ၆ ချက်
၅။ ဦးဘ၀င်း (၁၉၀၀ – ၁၉၄၇) ၈ ချက်
၆။ စဝ်စံထွန်း (၁၉၀၇ – ၁၉၄၇) ၂ ချက်
၇။ မန်းဘခိုင် (၁၉၀၃ – ၁၉၄၇) ၁၅ ချက်
၈။ ဦးအုန်းမောင် (၁၉၀၃ – ၁၉၄၇) ၅ ချက်
၉။ ရဲဘော်ကိုထွေး (၁၉၂၉ – ၁၉၄၇) ၄ ချက်