မနက်အိပ်ရာထချိန်မှာ လန်းဆန်း တက်ကြွနေမယ့်အစား ပင်ပန်းနွမ်းနယ်ပြီး မျက်စိတွေမဖွင့်ချင် လောက်အောင် ဖြစ်ရတဲ့အ ကြောင်းရင်းတချို့ကို သိထားရ အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
✔️သွားကြိတ်ခြင်း – သွားကြိတ်တာက လည်း အိပ်စက်မှုကို ပျက်စီးစေ သလို သွားကိုက်၊ ခေါင်းကိုက်စ တဲ့ နောက်ဆက်တွဲပြဿနာတွေ ပါ ဖြစ်လာနိုင်ပါတယ်။
✔️ဟောက်ခြင်း- မနက်မိုးလင်းအိပ် ရာထတဲ့အခါ ပင်ပန်းသလိုကြီး ဖြစ်နေပြီး အာခေါင်တွေလည်း ခြောက်နေတာမျိုး ဖြစ်နေရင် တော့ ညအိပ်တုန်းကဟောက်ပြီး အိပ်လို့ဒါမှမဟုတ် အိပ်နေတုန်း အသက်ရှူရပ်တာမျိုးကြောင့် ဖြစ် တယ်ဆိုတာသိထားပါ။
✔️အရက်သောက်များခြင်း -ည ဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ချင်လို့ဆိုပြီး တချို့လူတွေက အ ရက်အကူအညီယူလေ့ရှိကြပါ တယ်။ အိပ်လို့ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ပုံ မှန်အိပ်စက်မှုစက်ဝန်းကို အနှောင့်အ ယှက်ပြုတာမို့ နောက်နေ့မနက်နှိုးလာချိန်မှာ မလန်းမဆန်းဖြစ်နေ တာ ကြုံရမှာပါ။
✔️အိပ်စက်မှုအနေအထားမမှန်ခြင်း – ခေါင်းအုံး(ဒါမှမဟုတ်)အိပ်စက် တဲ့နေရာ အနေအထားမမှန်မကန် နဲ့ အိပ်ပျော်သွားပြီး အိပ်ရာထ တဲ့အချိန်မှာ ခေါင်းတွေကိုက်၊ အကြောတက်ပြီး ပင်ပန်းတာမျိုး ဖြစ်တတ်ပါတယ်။
✔️အိပ်ခါနီးဖုန်းသုံးခြင်း – ဖုန်းတို့၊ တက်ဘလက်၊ အိုင်ပက်စတဲ့အီ လက်ထရွန်နစ်ပစ္စည်းတွေကို ည အိပ်ခါနီးသုံးတဲ့အခါ အဲဒီပစ္စည်း တွေက ထွက်တဲ့အလင်းရောင်က အိပ်စက်မှုဟော်မုန်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
❤️မိမိရဲ့ ကိုယ်ခံအားကောင်းမွန်ပြီး လန်းဆန်းတက်ကြွနေစေဖို့ အိပ်ရေးဝဝအိပ်ရန် လိုအပ်ပါတယ်။
မိဘပြည်သူအပေါင်း ကျန်းမာချမ်းသာကြပါစေရှင်❤️
Dr.San San Oo (Quality Care Laboratory)