အိမ်နီးချင်း နိုင်ငံများနဲ့ လက်ရှိ Covid-19 ကပ်ရောဂါ အခြေအနေ (ဧပြီ၊ ၂၀၂၁)
ဒီ စာကို ရေးခြင်းသည် စိုးရိမ်လွန်ရန် မဟုတ်ဘဲ ကျွန်တော်တို့ ချစ်ရတဲ့ မြန်မာပြည်သူ ပြည်သားတွေ Covid-19 ကပ်ရောဂါဆိုးကို ကြိုတင်ကာကွယ် သတိပြု ကြရန်သာ ဖြစ်ပါတယ်
Covid-19 ရောဂါဟာ ယခုလက်ရှိမှာ ကာကွယ်ဆေးတွေ ထွက်ရှိနေပြီဆိုသော်ငြားလည်း ကမ္ဘာတလွှား ကူးစက်လူနာတွေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ…….
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဒီတစ်ပါတ်အတွင်း Covid-19 ကပ်ရောဂါနှင့် ပက်သတ်တဲ့နောက်ဆုံးရ သတင်းတွေကို နိုင်ငံတကာ သတင်းမီဒီယာတွေကို မှီငြမ်းပြီး စုစည်း တင်ပြပေးလိုက်ပါတယ်
အိန္ဒိယ
အိန္ဒိယနိုင်ငံဟာ လက်ရှိ ကမ္ဘာမှာ အမေရိကန်ပြီးလျှင် ဒုတိယ Covid ကူးစက်မှုအများဆုံး နိုင်ငံတစ်နိုင်ငံဘဲဖြစ်ပါတယ်။ 19, April ရက်နေ့ တစ်ရက်ထဲကိုပင် သေဆုံးသူ ၁,၇၆၁ ယောက်ရှိပြီး လက်ရှိထိ Covid ကြောင့် သေဆုံးသူပေါင်း ၁၈၀,၅၃၀ ထိ ရှိနေပါပြီ။
https://www.channelnewsasia.com
ထိုင်း
ဧပြီလ၊၂၀ ရက်နေ့မှာ Covid ကူးစက်ရောဂါလူနာအသစ် (၁,၄၄၃) ယောက်နဲ့ သေဆုံးလူနာ (၄)ယောက် ထပ်မံတွေ့ရှိရပြီး လက်ရှိထိ Covid ကူးစက်လူနာ (၄၅,၁၈၅) ယောက်ရှိနဲ့ သေဆုံးသူ ၁၀၈ ယောက်ရှိနေပါပြီ။
https://www.bangkokpost.com
စင်္ကာပူ
19, April, 2021 ရက်နေ့တွင် စင်္ကာပုနိုင်ငံမှာ Covid ကူးစက်လူနာအသစ် (၂၀) ယောက် ထပ်မံတွေ့ရှိပြီး လက်ရှိထိ ကူးစက်လူနာပေါင်း ၆၀,၈၅၁ ရှိနေပြီဖြစ်သည်။ စင်င်္ကာပူနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကလဲ ဧပြီ ၂၂ ရက်နေ့နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံကို ခရီးသွားခဲ့သူများသည် အစိုးရသတ်မှတ်ထားသည့် Quartine Center တွင် (၁၄) ရက်နေရမည့်အပြင် မိမိနေအိမ်တွင် နောက်ထပ် (၇) ရက် သီးသန့်နေရမည်ဟု ထုတ်ပြန်ကြေငြာထားသည်။
https://www.channelnewsasia.com
တရုတ်
တရုတ်ပြည်မှာတော့ ဧပြီလ ၂၀ ရက်နေ့တွင် Covid ကူးစက်လူနာအသစ် ၁၉ ဦးတွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၂ ဦးမှာ တရုတ်ပြည်၏ အနောက်တောင်ဘက်အခြမ်း မြန်မာ တရုတ်နယ်စပ်ဘက်မှ ဖြစ်ကြောင်း တရုတ် အမျိုးသား ကျန်းမာရေး ဌာနက ထုတ်ပြန်ကြေငြာထားပါတယ်။
လာအို
လာအိုနိုင်ငံမှာတော့ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့တွင် Covid ကူးစက်လူနာ အသစ် (၄) ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယခုလက်ရှိအထိ နိုင်ငံအတွင်း Covid ကူးစက် လူနာအသစ် (၅၈) ဦး ရှိသွားပြီဟု လာအိုနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာန က ဧပြီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
http://www.xinhuanet.com
ဘင်္ဂလားဒေ့ရှ်
ဧပြီ ၂၀ ရက်နေ့မှာ သေဆုံးသူ (၉၁) ဦးထိ ရှိလာပြီး ရောဂါကူးစက်သူ 4,599 ယောက်ရှိသည့်အတွက် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ Covid ကြောင့် သေဆုံးသူ စုစုပေါင်း (၁၀,၅၈၈) ဦးရှိပြီး ရောဂါကူးစက်သူပေါင်း (၇၂၇,၇၈၀) ထိရှိပြီဖြစ်သည်။ ထို့နောက် အစိုးရဟာ နိုင်ငံတဝှမ်း Lockdown သက်မှတ်ထားမှုကို ဧပြီ ၂၈ ရက်နေ့ထိ ထပ်မံတိုးထားလိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
https://www.aninews.
မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်ချမ်းပြီး မြန်မာပြည်သူ၊ ပြည်သားအပေါင်း Covid-19 ကပ်ရောဂါမှ ကင်းဝေးကြပါစေ…….
ချစ်ခြင်းများစွာဖြင့်
CONCORDIA INTERNATIONAL
Leave Your Comment