(28.09.2020)မနက်ခင်းအထိဆိုရင် မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၀,၇၃၄) ဦးရှိပြီ ဖြစ်ပါသည်။ ယင်းအနက်မှ Recover ဖြစ်သူ (၂,၈၆၂)ဦးရှိနေပြီး ဓာတ်ခွဲအတည်ပြုသေဆုံးသူပေါင်း (၂၂၆)ဦးရှိနေခဲ့ပါပြီ။
Covid ကုသရေးအတွက် လိုအပ်ချက်တွေရှိနေသေးတဲ့အခြေအနေမျိုးမှာ Frontliner တွေအဖြစ် အခုထက်ထိ အားစိုက်ထုတ်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာကြီး၊ ဆရာမကြီးများကို ၂၁ ရာစု၏သူရဲကောင်းများဟုပင် တင်စားဂုဏ်ပြုလိုပါတယ်။
ကုသရေးအတွက် အဓိက အရေးကြီးတဲ့ Monitoring ပြုလုပ်တဲ့လုပ်ငန်းစဉ်အတွက် လူနာ၏ vital status ကို အမြဲဖော်ပြပေးတဲ့ Patient Monitor သည်လည်း Covid အခြေအနေအတွက် မရှိမဖြစ်လိုအပ်တဲ့ Medical Equipment တစ်ခုပဲဖြစ်ပါတယ်။
Concordia အနေဖြင့် တနင်္ဂနွေနေ့မှာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး (D)ဆောင် Operation Threatre အတွက် Mindray တံဆိပ် Patient Monitor uMEC 12 model (၈)လုံး ကိုသွားရောက်တပ်ဆင်ပေးခဲ့ပါတယ်။
နေ့စဉ်မအားမလပ်ဘဲ လူနာတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေသော ဆရာ၊ ဆရာမများနှင့်တကွ သွားရောက်တပ်ဆင်ပေးပါသော Service Engineer, Ko San Phyo Win ကိုလည်း Concordia မှ ကျေးဇူးအထူးတင်ရှိပါသည်။
STAY STRONG MYANMAR