နဂါးမောက်သီးနှင့် အလှအပကျန်းမာရေး
နဂါးမောက်သီးလို့ပြောရင် နှမ်းစေ့လေးတွေကပ်ထားသလို အသွင်အပြင်ကို လူတိုင်းမြင်ဖူးပြီး အရသာကလည်း မချိုလွန်း မစိမ့်လွန်းတဲ့ အရသာကိုပေးစွမ်းလို့ ကျန်းမာရေးနှင့် အထူးသင့်လျှော်တဲ့ အသီးတစ်မျိုးပါ။ အရောင်အားဖြင့် အဖြူရောင်၊ အနီရောင် ၊ အဝါရောင်ဆိုပြီး သုံးမျိုးရှိပါတယ်။
နဂါးမောက်သီးမှာ ဗီတာမင်စီ နှင့် ဘီ အုပ်စုတွေအပြင် သံဓာတ်၊ အိုင်ရွန်း၊ဖော့စဖိတ် နှင့် ကယ်လ်ဆီယမ်ဓာတ်များကြွယ်ဝသလို ပရိုတိန်းနှင့် အမျှင်ဓာတ်များလည်းပါဝင်တာကြောင့် ဆီးချိုသမားများအတွက် အကောင်းဆုံးအသီးဖြစ်သလို ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက်လည်း စားသုံးဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်စွမ်းရှိသလို အသားအရေနှင့် အလှအပကျန်းမာရေးအတွက်လည်း အထောက်အကူပြုနေတာမို့ နဂါးမောက်သီးနဲ့လည်း သဘာဝအတိုင်း လှပကျန်းမာအောင် ဂရုစိုက် ထိန်းသိမ်းနိုင်ပါပြီ။
- အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေဖြစ်နေပြီဆိုရင် နဂါးမောက်သီးတစ်ခြမ်းကို အတွင်းသားတွေကိုယူပြီး ဒိန်ချဉ်နည်းနည်းနဲ့ ရောမွှေပြီး မျက်နှုနှင့်လည်ပင်းကိုလိမ်းပြီး မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးရုံဖြင့် နဂါးမောက်သီးရဲ့ အာဟာရဓာတ်တွေက အရွယ်တင်နုပျိုစေဖို့ ကူညီပေးမှာပါ။ - ကိုယ်အလေးချိန်ကို လျော့ကျစေတယ်
ကိုယ်အလေးချိန်လျော့ချဖို့အတွက်ဆိုရင် နဂါးမောက်သီးကို အစာမစားခင်စားပေးပါ။နဂါးမောက်သီးမှာပါ၀င်တဲ့ ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်းဖြစ်စဉ်တွေကိုကောင်းမွန်စေပြီး အစားအစာတွေမှာပါ၀င်တဲ့အဆီဓာတ်နဲ့ ကိုလက်စထရောတွေကို လျော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူနှင့် ထိန်းသိမ်းချင်သူများအတွက် အထူးပဲ သင့်တော်ပါတယ်။ - ဝက်ခြံကို သက်သာစေတယ်
ဝက်ခြံတွေသက်သာလျော့ပါးချင်တယ်ဆိုရင် နဂါးမောက်သီး ရဲ့အသားတွေကို ချေပြီး မျက်နှာမှာ ပေါင်းတင်ပေးပါ။ ဗီတာမင်စီ ပါဝင်မှုကြောင့် ဝက်ခြံတွေသက်သာစေပြီး ထပ်မဖြစ်အောင်လည်းတားဆီးနိုင်ပါတယ်။ - အသားအရည် ကြည်လင်စေတယ်
နဂါးမောက်သီးတွင် ဗီတာမင်စီ ကြွယ်၀စွာပါ၀င်မှုကြောင့် အသားအရည်မွဲခြောက်ခြင်းက ကာကွယ်ပေးပြီး အသားအရည်ကို အသစ်ပြန်လည် လှပစေပါတယ်။ဒါ့ကြောင့် နဂါးမောက်သီးဖျော်ရည်သောက်သုံးခြင်း၊ အသီးစားသုံးပေးခြင်းနှင့် နဂါးမောက်သီးနှင့် skincare treatment များလုပ်ပေးနိုင်ပါတယ်။ - သဘာ၀ moisture အာနိသင်ရှိပါတယ်။
နဂါးမောက်သီးမှာ ရေဓာတ် 80% ပါ၀င်တာကြောင့် အသားအရည်ကို သဘာ၀အတိုင်း အစိုဓာတ်ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ဒါ့ကြောင့် နဂါးမောက်သီးကိုစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက အသားအရည်အတွက်ရော အလှအပအတွက်ပါ အထူးသင့်တော်တာမို့ နဂါးမောက်သီးကိုနေ့စဉ်စားသုံးပြီး ကျန်းမာလှပကြစို့နော်။
Credit Original Sources