ဒီအချိန်မှာ လူတော်တော်များများကတော့ WFHတွေဖြစ်သွားကြပါပြီ။…
ဒီလိုပဲ လူလူချင်းတူတူတောင် ကိုယ်ရွေးချယ်ထားတဲ့ အလုပ်အပေါ်မူတည်ပြီး ယခုလို Covid Second Waveကြီးမှာ နေ့စဉ်နဲ့အမျှ Positive လူနာများကို Covid First Waveထဲက ပေါ့ မိမိအသက်ကိုပင် အလေးမထားတော့ဘဲ ကြိုးစားပြီး ကုသနေကြတဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးက ဆရာဝန်,ဆရာဝန်မကြီးတွေလဲ ပင်ပန်းနေလောက်ပြီထင်ပါတယ်။အဲ့လို စိတ်ရင်းခံနဲ့ ကုသပေးနေတဲ့အတွက်လဲ Covid 19 ရောဂါဆိုးကြီး အမြန်ပျောက်သွားနိုင်မယ်လို့လဲ ယုံကြည်နေပါတယ်။ဒီလို သတ္တိရှိတဲ့ ဆရာဝန်တွေ အများကြီးရှိနေတဲ့အတွက်လဲ ဝမ်းသာမိပါတယ်။
တစ်ဖက်မှာကလဲ positive လူနာတွေရှိတဲ့ဆေးရုံတွေသွားရင် ကိုယ်အနေအထိုင်တစ်ချက်လေးမှားတာနဲ့ ကိုယ်ရော၊ကိုယ့်မိသားစုပါ Coivdကူးနိုင်တာ သိသိရက်နဲ့ဗျာ ကို့အလုပ်ကို တာဝန်ကျေပြီးအခုလို WFH ကာလမှာပါ အချိန်ပြည့် အကောင်းဆုံးကြိုးစားနေကြတဲ့ Concordia Int.Co.Ltdရဲ့ Medical Serviceက ညီအစ်ကိုတွေကိုလဲ တကယ်ရင်ထဲကထပ်ပြီးလေးစားမိပါတယ်။✅
သူတို့ကတော့ Yangon General Hospital/ သင်္ကန်းကျွန်းစံပြဆေးရုံ/ရိုးမရိပ်သာ Qaurantine Center/ဖောင်ကြီး/NOGTH ,north okkalapa Teaching & general Hospital ENT , Ear ,Norse and Throat Specialist Hospital အစရှိတဲ့ ဆေးရုံတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေအတွက် နေ့စဉ်နဲ့အမျှ သွားရောက်တပ်ဆင်ပြီး တစ်ဖက်တစ်လှမ်းကူညီနေကြသူတွေပါ။ ဒီလို အချိန်မှာ ဒီလိုညီအစ်ကိုတွေကလဲ Concordia အတွက် နှိုင်းပြစရာစကားလုံး မရှိလောက်အောင်ခံစားမိနေတဲ့အတွက် Medical Service Teamက အကုန်လုံးကို အထူးကျေးဇူးတင်နေပါကြောင်း။