မြန်မာနိုင်ငံမှာ Covid လူနာသစ်တွေ လျော့နည်းလာတာ တွေ့ရတာနှင့် အမျှ Post Covid complications တွေဖြစ်တဲ့
▪️သွေးခဲ့ခြင်း၊ သွေးတွင်း glucose level မငြိမ်ခြင်း၊
▪️ရင်ဘတ်အောင့်ခြင်း၊ နှလုံးရောင်ရမ်းခြင်း၊ ရင်တုန်ခြင်း၊
▪️အဆုတ်ရောင်ခြင်း၊ ချောင်းဆိုးခြင်း၊
အဆစ်နာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊
▪️ခေါင်းကိုက်ခြင်း၊ခေါင်းမကြည်ခြင်း၊ပင်ပန်းနွယ်နယ်ခြင်း၊
▪️အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုလွန်ခြင်း၊
▪️နားကိုက်ခြင်း၊ နားအူခြင်း၊ လည်ချောင်းနာခြင်း ၊ ပျို့အန်ခြင်း၊ အရေပြားနီမြန်းခြင်း၊
▪️အသည်းထိခိုက်ဒဏ်ရာရစေသော အင်ဇိုင်းများပေါ်ထွက်ခြင်း၊
▪️ကျောက်ကပ်ထိခိုက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊
▪️ပန်ကရိယရောင်ရမ်းခြင်း၊ ပန်ကရိယထိခိုက်ဒဏ်ရာရခြင်း စသည့် နောက်ဆက်တွဲ ကျန်းမာရေးလက္ခဏာတွေ
ပြပြီး ရောဂါများ ခံစားလာရတာ တွေ့ရပါသည်။
နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မခံစားရအောင် …….
ရေကို တနေ့လျှင် အနည်းဆုံး ၂ လီတာ သောက်ပေးပြီး အသက်ရှူလေ့ကျင့်ခန်းကို မနက်တကြိမ်၊ ညတကြိမ် ဆက်လုပ်သင့်ပါသည်။ အခြားပြင်းထန်သောလေ့ကျင့်ခန်းများကိုမလုပ်သင့်သေးသော်လည်း လမ်းလျှောက်ခြင်းကို မနက် ၁၅ မိနစ်၊ ညနေ ၁၅ မိနစ် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
အဓိကရှောင်သင့်သည်များမှာ…….
ကော်ဖီ၊အရက် ဆေးလိပ်သောက်သုံးခြင်း ဖြစ်ပြီး အချိုရည်များ (Soft drink ) ၊ငန်သောအစားအစာများ၊ ဟင်းအနှစ်များ၊ လက်ဖက်သုပ်၊ ကလီစာများ၊ ၀က်အူချောင်း၊ကြက်အူချောင်းများ၊ အသင့်စားအစားအစာများကို ၃ လခန့်ရှောင်သင့်ပါသည်။
အာဟာရဓါတ်ပြည့်၀ရန်အတွက်…….
(၁) အသား၊ ငါး တရက်လျှင် ၁၀ ကျပ်သား ၊
(၂) ကြက်ဥ တရက်လျှင် ၂ လုံး ၊
(၃) နို့ (သို့မဟုတ် ) အာဟာရမှုန့် တရက် ၂၀၀ ml ၊
(၄ )ဒိန်ချဥ် 150 ml နှင့်ပျားရည် ထမင်းစားဇွန်း၁ ဇွန်း
(၅) အစိမ်းရောင်ရှိသော အရွက် – ဟင်းနုနွယ်၊ ကန်ဇွန်း၊ ဗူးရွက်၊ ကညွတ် — ထမင်းစားဇွန်း ၆ ဇွန်း မှ ၁၀ ဇွန်း၊
၆) သစ်သီး ၂ လုံး(ပန်ကန်လုံး ၂ လုံးစာ ) (စပျစ်သီး၊ အရည်ရွမ်းသီးများ၊ ဘယ်ရီသီးများ)
(၇ ) ထမင်း/ ခေါက်ဆွဲ / ကြာဆံ / ဖက်ထုပ် – (စားနိုင်သလောက် ) စသည်တို့က စားသောက်ပေးဖို့လိုအပ်ပါသည်။ ဂျင်း၊ ဆနွင်း ၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ အစေ့အဆန်၊ မန်ကျီးသီးအနှစ် တို့ကို အသုံးပြုကာ သံလွင်ဆီနှင့်နေကြာဆီတို့ဖြင့် ချက်ပြုတ်စားသုံးပေးဖို့ လိုပါသည်။
Covid ရောဂါကူးစက်ပြီး ပြန်လည် သက်သာလာသူများအတွက်လည်း နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို စောလျှင်စွာ သိရှိပြီး ကာကွယ် ကုသသင့်သည်များကို အချိန်မီ လုပ်ဆောင်နိုင်ရန်အတွက် Post Covid Medical check-up တွေဖြစ်သော…….
🔰ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း (Consultation)
🔰ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-Ray)
🔰နှလုံး စမ်းသပ်ခြင်း (ECG)
🔰သွေးစစ်ဆေးခြင်း (CP auto)
🔰သွေးတွင်းအချိုဓာတ် စစ်ဆေးခြင်း (FBS)
🔰ဆီးချိုရောဂါ စစ်ဆေးခြင်း (HbAIC)
🔰သွေးတွင်းယူရီးယားဓာတ် စစ်ဆေးခြင်း (Urea)
🔰သွေးတွင်းသက်စောင့်ဓာတ်များ စစ်ဆေးခြင်း (Electrolytes)
🔰သွေးတွင်းခရီတနင်းဓာတ်များ စစ်ဆေးခြင်း (Creatinine)
🔰အသည်းလုပ်ဆောင်ချက်များ စစ်ဆေးခြင်း (ALT, AST)
🔰သွေးတွင်းအသားဝါဓာတ် စစ်ဆေးခြင်း (Total Bilirubin)
🔰ကိုယ်တွင်းကလီစာပျက်စီးမှု စစ်ဆေးခြင်း (LDH)
🔰သွေးတွင်းသံဓာတ် စစ်ဆေးခြင်း (Ferritin)
🔰သွေးအနည်ကျမှု စစ်ဆေးခြင်း (ESR) စသော စစ်ဆေးမှုများကို ပြုလုပ်သင့်ပါသည်။ အထူးသဖြင့် Covid ဖြစ်ပြီးသူများအတွက် ၂၁ ရက် / ၃၀ ရက်အတွင်း medical check up ပြန်လည်ပြုလုပ်သင့်ပါသည်။
Medical check up ပြုလုပ်နိုင်သော ကျန်းမာရေးစင်တာ
🏥 Quality Care Laboratory and Health Screening Center > https://bit.ly/3ls0wqi
Covid-19 ကိုကာကွယ်ဖို့ ဆက်လက်ပြီး လူစုလူဝေးရှောင်ရှားကြမယ်၊ လက်ကိုခဏခဏဆေးပြီး အပြင်သွားတိုင်း mask တပ်ကြရအောင်ပါရှင်။
လူသားအားလုံး COVID ရောဂါကပ်ဆိုးကြီးမှ အမြန်ဆုံးကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။
~ STAY STRONG MYANMAR ~