ဒီအချိန်မှာ လူတော်တော်များများကတော့ WFHတွေဖြစ်သွားကြပါပြီ။…
ဒီလိုပဲ လူလူချင်းတူတူတောင် ကိုယ်ရွေးချယ်ထားတဲ့ အလုပ်အပေါ်မူတည်ပြီး ယခုလို Covid Second Waveကြီးမှာ နေ့စဉ်နဲ့အမျှ Positive လူနာများကို Covid First Waveထဲက ပေါ့ မိမိအသက်ကိုပင် အလေးမထားတော့ဘဲ ကြိုးစားပြီး ကုသနေကြတဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးက ဆရာဝန်,ဆရာဝန်မကြီးတွေလဲ ပင်ပန်းနေလောက်ပြီထင်ပါတယ်။အဲ့လို စိတ်ရင်းခံနဲ့ ကုသပေးနေတဲ့အတွက်လဲ Covid 19 ရောဂါဆိုးကြီး အမြန်ပျောက်သွားနိုင်မယ်လို့လဲ ယုံကြည်နေပါတယ်။ဒီလို သတ္တိရှိတဲ့ ဆရာဝန်တွေ အများကြီးရှိနေတဲ့အတွက်လဲ ဝမ်းသာမိပါတယ်။
တစ်ဖက်မှာကလဲ positive လူနာတွေရှိတဲ့ဆေးရုံတွေသွားရင် ကိုယ်အနေအထိုင်တစ်ချက်လေးမှားတာနဲ့ ကိုယ်ရော၊ကိုယ့်မိသားစုပါ Coivdကူးနိုင်တာ သိသိရက်နဲ့ဗျာ ကို့အလုပ်ကို တာဝန်ကျေပြီးအခုလို WFH ကာလမှာပါ အချိန်ပြည့် အကောင်းဆုံးကြိုးစားနေကြတဲ့ Concordia Int.Co.Ltdရဲ့ Medical Serviceက ညီအစ်ကိုတွေကိုလဲ တကယ်ရင်ထဲကထပ်ပြီးလေးစားမိပါတယ်။✅
သူတို့ကတော့ Yangon General Hospital/ သင်္ကန်းကျွန်းစံပြဆေးရုံ/ရိုးမရိပ်သာ Qaurantine Center/ဖောင်ကြီး/NOGTH ,north okkalapa Teaching & general Hospital ENT , Ear ,Norse and Throat Specialist Hospital အစရှိတဲ့ ဆေးရုံတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေအတွက် နေ့စဉ်နဲ့အမျှ သွားရောက်တပ်ဆင်ပြီး တစ်ဖက်တစ်လှမ်းကူညီနေကြသူတွေပါ။ ဒီလို အချိန်မှာ ဒီလိုညီအစ်ကိုတွေကလဲ Concordia အတွက် နှိုင်းပြစရာစကားလုံး မရှိလောက်အောင်ခံစားမိနေတဲ့အတွက် Medical Service Teamက အကုန်လုံးကို အထူးကျေးဇူးတင်နေပါကြောင်း။
မမြင်ရတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ UV LAMP ♻️
လူကြီးမင်းတို့၏ ဆေးရုံဆေးခန်းများရှိ ဓာတ်ခွဲခန်းများ၊ OT Room များ အတွက် မမြင်ရသည့် Bacteria နှင့် Virus အန္တရာယ်များမှ ကင်းဝေးနိုင်အောင် ESCO brand UV မီးချောင်းများကို တပ်ဆင်ပေးသည့် ဝန်ဆောင်မှုကို ကျွန်မတို့ Concordia Company မှာ စတင်နေပါပြီနော်…
အားသာချက်များ
~~~~~~~~~
✔️ UV မီးချောင်းများတပ်ဆင်ထားခြင်းအားဖြင့် မမြင်ရသည့် ပိုးမွှားများကို UV Light ဖြင့် sterilization လုပ်ပေးနိုင်ခြင်း
✔️ UV Timer ပါ တပ်ဆင်ပေးထားသည့်အတွက် မိမိတို့ တနေ့တာ လုပ်ငန်းဆောင်တာများပြီးဆုံးသည့်အခါတွင် UV မီးချောင်းများကို Timer ပေးပြီး ဖွင့်ထားခဲ့၍ ရခြင်း
☎️ 09 73009220
Ever Winner Company Limited မှ Dr.Phyu Phyu Myint အား Concordia Int.Co.Ltdမှ uMEC 12 Patient Monitor(Mindray Brand) 5လုံး ဝယ်ယူ လှူဒါန်းမှုအတွက် ကျေးဇူးများစွာတင်ရှိပါတယ်။❤️
Covid-19ကုသရေးငှာနတစ်ခုဖြစ်တဲ့ ဖောင်ကြီးမှာ လိုအပ်နေတဲ့ Medical Equipment တွေကို လှူဒါန်းသွားတဲ့ အတွက်လည်း Doctor တို့နှင့်အတူ ထပ်တူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါသည်။
✅ယခုလို သင်တို့နဲ့အတူ ကူညီအားဖြည့်ခွင့်ရတဲ့အတွက် အထူးကြည်နူးမိပါသည်။ခက်ခဲသောအချိန်များအား လက်တွဲညီညီ ဖြတ်ကျော်ကြပါစို့!
Rotary Club of Yangon donated 2500 peaces of KN 95 Masks to Yangon Children Hospital, today.🚩
ရန်ကုန်ကလေးဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအတွက် နေ့စဉ်လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန် Mask များ လုံလောက်မှုမရှိနေကြောင်းသိရသည် နှင့် Rotary Club of Yangon အနေဖြင့် တန်ဖိုးငွေကျပ် ၄၂ သိန်း ၅ သောင်း တန်ဖိုးရှိ KN95 Mask အခုရေ (၂,၅၀၀) အား သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။
ထို (၂,၅၀၀) မှာ တစ်လစာ operation run ရန်အတွက် ဖြစ်ကြောင်းလည်း သိရပါတယ်။ Rotary Club of Yangon အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။
(28.09.2020)မနက်ခင်းအထိဆိုရင် မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၀,၇၃၄) ဦးရှိပြီ ဖြစ်ပါသည်။ ယင်းအနက်မှ Recover ဖြစ်သူ (၂,၈၆၂)ဦးရှိနေပြီး ဓာတ်ခွဲအတည်ပြုသေဆုံးသူပေါင်း (၂၂၆)ဦးရှိနေခဲ့ပါပြီ။
Covid ကုသရေးအတွက် လိုအပ်ချက်တွေရှိနေသေးတဲ့အခြေအနေမျိုးမှာ Frontliner တွေအဖြစ် အခုထက်ထိ အားစိုက်ထုတ်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာကြီး၊ ဆရာမကြီးများကို ၂၁ ရာစု၏သူရဲကောင်းများဟုပင် တင်စားဂုဏ်ပြုလိုပါတယ်။
ကုသရေးအတွက် အဓိက အရေးကြီးတဲ့ Monitoring ပြုလုပ်တဲ့လုပ်ငန်းစဉ်အတွက် လူနာ၏ vital status ကို အမြဲဖော်ပြပေးတဲ့ Patient Monitor သည်လည်း Covid အခြေအနေအတွက် မရှိမဖြစ်လိုအပ်တဲ့ Medical Equipment တစ်ခုပဲဖြစ်ပါတယ်။
Concordia အနေဖြင့် တနင်္ဂနွေနေ့မှာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး (D)ဆောင် Operation Threatre အတွက် Mindray တံဆိပ် Patient Monitor uMEC 12 model (၈)လုံး ကိုသွားရောက်တပ်ဆင်ပေးခဲ့ပါတယ်။
နေ့စဉ်မအားမလပ်ဘဲ လူနာတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေသော ဆရာ၊ ဆရာမများနှင့်တကွ သွားရောက်တပ်ဆင်ပေးပါသော Service Engineer, Ko San Phyo Win ကိုလည်း Concordia မှ ကျေးဇူးအထူးတင်ရှိပါသည်။
STAY STRONG MYANMAR
မနက်ပိုင်းမှာ ရိုးမရိပ်သာ Quarantine Center အတွက် Mindray တံဆိပ် uMEC 10 model Patient Monitor (၂) လုံးအား သွားရောက်တပ်ဆင်ခဲ့ပါတယ်။
Center မှာ စဖွင့်ကတည်းက အခုချိန်ထိ Quarantine ဝင်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေသော ဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ စေတနာ့လုပ်အားပေးဆောင်ရွက်နေသည့်အဖွဲ့များကို တွေ့ရတဲ့အခါမှာ စိတ်ထဲမှာ ကျေးဇူးအထူးတင်မိသလို များစွာလည်း ဂုဏ်ယူမိပါတယ်။
မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်ထားသည့် Stay Home ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ ထပ်လောင်း တိုက်တွန်းလိုပါတယ်။
နောက်ပြီးတော့ အခုလိုခက်ခဲတဲ့ကာလမျိုးမှာတောင် မိမိကျန်းမာရေးကို မငှဲ့ကွက်ဘဲ လိုအပ်တဲ့နေရာများမှာ သွားရောက်တပ်ဆင်ပေးပါသော Concordia ရဲ့ Medical Service Team နှင့် Application Team ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ Concordia ကုမ္မဏီအနေဖြင့်လည်း အခုလို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။
STAY STRONG MYANMAR!!