Maskne ဆိုတာ Mask မဖြစ်မနေတပ်ရလို့ ဖြစ်တတ်တဲ့ ဝက်ခြံအမျိုးအစားပါ။ N95၊ Surgical Mask အစရှိတဲ့ mask တွေက moisture ကို စုပ်ထားတဲ့အတွက်ကြောင့် နှုတ်ခမ်း၊မေးရိုးတစ်ဝိုက်( mask တပ်ထားသော နေရာ) မှာ acne breakouts တွေဖြစ်လာတတ်ကြပါတယ်။ ပုံမှန်ဝက်ခြံပေါက်တာအပြင် maskne ကတော့ mask နဲ့ မျက်နှာအသားအရည်နဲ့ ပွတ်တိုက်မိတဲ့အတွက် skin barrier လို့ ခေါ်ကြတဲ့ protective layer ကိုပါ ထပ်ပြီးပျက်စီးစေပါတယ်။
Maskne တွေဖြစ်လာပြီဆိုရင် Daily မိတ်ကပ် ကို အထူကြီးတွေမလိမ်းပဲ ပေါ့ပေါ့ပါးပါးပဲ လိမ်းသင့်ပါတယ်၊ Skin Care ကိုလည်း steps တွေအများကြီးနဲ့ မလိမ်းဘဲနဲ့ nourishing နဲ့ moisture အပြည့်အဝ ရစေမယ့် skin care တွေကိုပဲ ရွေးချယ်ပြီးတော့ ရိုးရိုးရှင်းရှင်းလေးပဲ သုံးပေးပါ၊ အရေးကြီးဆုံး အဓိက အချက်ကတော့ မျက်နှာကို သေသေချာချာသစ်ပေးဖို့ပါနော်။
Maskne မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုရင် mask တစ်ခုထဲကိုပဲ တစ်နေကုန်လုံး မတပ်ပါနဲ့၊ ၃/၄ နာရီနေရင် အသစ်တစ်ခုပြန်လဲပေးပါ။တကယ်လို့ ကိုယ်က Surgical mask နဲ့မတည့်တဲ့ သူ၊ Surgical mask မတပ်ချင်တဲ့သူဆိုရင်တော့ skin ပွတ်တိုက်မှု သက်သာစေတဲ့ mask မျိးကိုလည်းရွေးချယ်နိုင်ပါတယ်၊ အဲ့လိုဆိုရင်တော့ mask တွေများများဝယ်ထားပြီး သေချာလျှော်ဖွတ် နေပူလှန်းပြီး သန့်သန့်ရှင်းရှင်း သိမ်းြကပါနော်၊ ဒီလိုဆိုရင်တော့ mask ကြောင့်ဖြစ်တဲ့ maskne တွေလည်း သက်သာပြီး အဆင်ပြေကြမယ်လို့ ထင်ပါတယ်။ mask တွေက နောက်ပိုင်းလည်း မဖြစ်မနေ တပ်ြကဖို့ လိုသေးတာဆိုတော့ ဆက်လက်ပြီး mask တွေကို စနစ်တကျတပ်ကြပါ၊ maskne တွေကိုစိတ်မညစ်ရအောင်လည်း သေချာ ဂရုစိုက်ကြရအောင်ပါနော်။