Universityကျောင်းသားတွေဖြစ်ဖြစ်၊Work Form Homeဖြစ်သွားတဲ့ အလုပ်သမားတွေရော ဒီကာလမှာ Fast Foodတွေ မှာစားကြရင်းနဲ့ မသိမသာ ဝိတ်တွေ တက်လာနေပြီလား။ ယောကျ်ားလေးရော မိန်းခလေးရောအတွက် ခန္တာကိုယ်အလှအပက First Impressionအတွက် အရေးကြီးပါတယ်။နောက်ပြီး လူတစ်ယောက် ကျန်းမားရေးအရ ရှိသင့်တဲ့ Weightအလေးချိန်မရှိရင် အဝလွန်တာနဲ့ပက်သက်ပြီးနောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ အောက်မှာ Stay Homeနေရင်း ဝိတ်မတက်အောင် ဘယ်လိုနေလို့ရလဲ ဆိုတဲ့ 5ချက်ကို ရှင်းပြပေးထားပါတယ်။

No.1 အိပ်ချိန်ပုံမှန်ရှိပါစေ။
Stay Home ကာလမို့လို့ဆိုပြီး ညဘက် မှ ခေါက်ဆွဲပြုတ်တွေ စားလွန်းတာ၊Korea Dramaတွေ၊Gameဆော့တာတွေကို အရမ်းကြီးမလုပ်သင့်ပါဘူး။ ညဘက် အိပ်တာနောက်ကျခြင်းက မနက်ပိုင်း မှာ အလုပ်တွေပ်ုလုပ်ဖို့ အချိန်တွေလျော့စေတဲ့အပြင် မိမိပုံမှန် အိပ်နေကြအချိန်တစ်ခုအတိုင်းပဲ အိပ်ရေးဝအောင်အိပ်ပါနော်။အိပ်ရေးဝပြီး အိပ်ချိန်ပုံမှန်ရှိမှသာ ခန္တာကိုယ်ရဲ့ အစာချေတဲ့ စနစ်တွေကလဲ ကောင်းမွန်စွာအလုပ်လုပ်နိုင်မှာပါ။

No.2 အဆီပါသော အစားအစာများကိုလျော့စားပါ။
အာလူးကြော်၊ဝက်သားဒုတ်ထိုး၊Pizza၊ကြက်ကြော် စတဲ့ အဆီများတဲ့ Fast Foodတွေကို နေ့တ်ိုင်းမစားပါနဲ့။ဖြစ်နိုင် တပတ်၂ခါထပ်ပိုမစားသင့်ပါဘူး။

No.3 Beerလျော့သောက်ပါ။
အရင်တုန်းက Friday ,Saturday သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူတူဆုံဖြစ်မှ တစ်ခါတစ်လေ သောက်ဖြစ်တာကနေ အခုလို Stay Homeချိန်မှာ နေ့တိုင်းနီးပါးသောက်နေမိပြီဆိုရင် ရေရှည်မှာ ဗိုက်ရွဲလာပါ့လိမ့်မယ် ဆိုတာ သတိပြုပါ။

No.4 နေ့တိုင်း အစားပုံမှန်စားပါ။
ခန္တာကိုယ်အတွင်းမှာရှိတဲ့ အစာချေတဲ့စနစ်တွေကောင်းမွန်စွာလည်ပတ်နေဖို့ဆိုရင် လူတစ်ယောက်က မနက်စာ၊နေ့လယ်စာ၊ညနေစာဆိုပြီး ပုံမှန်စားပေးဖို့လိုအပ်ပါတယ်။ဘယ်မှသွားစရာမရှိဘူးဆိုပြီး နေ့လယ်လောက်မှထပြီး မနက်စာနဲ့နေ့လယ်စာပေါင်းစားတာမျိုးက အိမ်အတွက် စရိတ်သက်သာပေမယ့် သင့်ခန္တာကိုယ်အတွက်တော့ လုံလောက်တဲ့ အစာချေဖျက်ဖို့ Energyကို မပေးနိုင်တော့ပါဘူး။

No.5 လေ့ကျင့်ခန်းတစ်ခုခုကိုနေ့တိုင်းလုပ်ပေးပါ။
Gymတွေ ပိတ်နေလို့ဆိုပြီး အိမ်မှာပဲ ဖုန်းသုံးပြီး ထိုင်မနေပါနဲ့ ။ကိုယ် ကျွမ်းကျင်တဲ့ အားကစားတစ်ခုခုကို နေ့စဉ်ပုံမှန်လုပ်ပေးပါ။ဥပမာ-ဒိုက်ထိုးတာတို့၊ပြေးတာ၊Yogaကျင့်တာ၊တရားထိုင်တာ စတဲ့ အရာတွေက လွယ်လွယ်ကူကူနဲ့ Gymသွားစရာမလိုပဲ Caloriesတွေကို လောင်ကျွမ်းနိုင်စေမယ့် နည်းလမ်းတွေဖြစ်လ်ို့ နေ့တိုင်းလုပ်ပေးပါနော်။
Leave Your Comment