Women Fashions
ဒီတစ်ခါပြောပြမှာက ရုံးတက်နေတဲ့သူတွေရော၊ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေအတွက်ရော အမြဲတမ်း ကြည့်ကောင်းနေမယ့်Women Fashionတွေကို နေ့တိုင်း မထပ်အောင် ဝတ်နည်းတွေကို ဝေမျှပေးပါ့မယ်။
အရင်ဆုံး အောက်က ဝတ်နည်းလေးတွေမကြည့်ခင် ကိုယ့် အဝတ်ဗီဒိုထဲမှာ ဘာတွေ ရှိလဲ အရင်သွားကြည့်ပါ။ ကိုယ်ကFashionကျကျလဲ ဝတ်ချင်တယ်၊ outfitတွေ ထပ်နေတာလဲ မကြိုက်တဲ့ သူတစ်ယောက်ဆိုရင် ကိုယ့်ဗီဒိုထဲမှာ ရှိနေတာထက် လိုနေတဲ့ Colourလေးတွေကို နောက်တစ်ခါShopping ထွက်ရင်ရွေးဝယ်ဖို့လဲ Listလုပ်ထားပါနော်။အောက်မှာ ပြောပြပေးသွားမှာက
အရောင်တွေအပေါ် အဓိကထားပြီး ပြောပေးသွားမှာဆိုတော့ အောက်ကပုံလေးတွေကြည့်ပြီး အမဲရောင်ဆို ဘာနဲ့တွဲရင် ပိုလိုက်မယ်၊အဖြူကတော့ ဘာနဲ့ ပိုမိုက်တယ် နည်းလေးတွေသိသွားရင် ကိုယ့်ရဲ့ ရုံးတက်နေ့တိုင်းက ယုံကြည်မှု ရှိရှိနဲ့ ပိုပြီး ပျော်စရာကောင်းလာမှာပါလို့ မျော်လင့်ပါတယ်။

No.1 (Outfit for Monday)
အများစုက Mondayမှာ ရုံးတက်ရင် မလန်းကျဘူး။အဲ့ဒီနေ့မှာပဲ ကိုယ်က လန်းနေဖို့ဆိုရင် ဒီလိုလေး ဝတ်ကြည့်ပါ။

No.2 (Outfit for Tuesday)
Mondayမှာ အဖြူလေး ဝတ်ပြီးပြီဆိုတော့ ဒီနေ့တော့ အပြာဘက်ကိုသွားမယ်။ အပြာရောင်က တည်ငြိမ်တော့ Meetingတွေ ဘာတွေမှာလဲ သင်က ထင်ရှားနေမှာပါ။

No.3 (Outfit for Wednesday)
Appointent တွေ့ရတာတို့၊ Customerနဲ့ တွေ့ရတာများတဲ့ Wednesdayမှာတော့ ကိုယ့်ကိုကိုယ် Smart ကျနေအောင် coatလေးနဲ့ တွဲဝတ်ကြမယ်။

No.4 (Outfit for Thursday)
ဒီနေ့အတွက်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရိုးရိုးရှင်းရှင်းလေးပဲ ဝတ်သွားတာကောင်းမယ်။ မဟုတ်ရင် ရှေ့က ၃ရက်က Designတွေနဲ့ ထပ်သွားရင် သိပ်တော့မကောင်းဘူးပေါ့။

No.5 (Outfit for Friday)
Friday Night outကို ရုံးကဆင်းတာနဲ့ Chillမယ်ဆိုရင်တော့ ဒီလို ခပ်Hot Hotလေးနဲ့ လူကြီးဆန်ဆန်လေး ဝတ်သွားပါ။